Mac OS X တွင် Tor သုံးစွဲသူအဖြစ် လုပ်ဆောင်ခြင်း
ဤညွှန်ကြားချက်တို့မှာ Mac OS X အပေါ်တွင် Tor သုံးစွဲသူအဖြစ် ထည့်သွင်းရန် လုပ်ဆောင်ခြင်းအတွက် ညွှန်ကြားချက်များ ဖြစ်သည်။ သင်သည် အခြားအပေါ်တွင် သတင်းအချက်အလက် သွားလာမှုများကို ထပ်ဆင့်လွှင့်ခြင်းဖြင့် ကွန်ယက်ကို ကြီးထွားအောင်(ကျေးဇူးပြု၍ လုပ်ဆောင်ပါ) ပြုလုပ်မည်ဆိုပါက၊ ကျေးဇူးပြု၍ထပ်ဆင့်လွှင့်မှု ပြင်ဆင်သတ်မှတ်ခြင်း လမ်းညွှန်ကို ဖတ်ရှုပါ။
အဆင့် တစ်: Download လုပ်၍ Tor ကို ထည့်သွင်းပါ
The install for Macintosh OS X bundles Tor, Vidalia (a graphical interface for Tor), Torbutton, and Polipo (a web proxy) into one package, with the four applications pre-configured to work together. Download either the stable or the experimental version of the OS X bundle for Intel, or look for more options on the download page.
dmg ကို ဒေါင်းလုဒ်လုပ်၍ ပြီးသည်နှင့် ကလစ်နှစ်ချက်နှိပ်၍ စတင်ပါ။ Finder တွင် ယခု Vidala Bundle ကို ဖွင့်ရန်နေရာကို သွားပါ။ Vidalia onion icon ကို ရိုးရှင်းစွာ drag ဆွဲယူ၍ Applications folder ထဲသို့ ဆွဲချခြင်းဖြင့် ထည့်သွင်းမှုကို လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။ ရွေးချယ်စရာရှိသည်မှာ "install torbutton" script ကို ကလစ်နှစ်ချက်နှိပ်၍ torbutton ကို Firefox သို့ ထည့်သွင်းနိုင်ပါသည်။ Torbutton ကို Mozilla Add-ons တွင် "torbutton" ဟု ရှာဖွေခြင်းဖြင့်လည်း ရရှိနိုင်ပါသည်။
ထည့်သွင်းခြင်း ပြီးဆုံးပါက Vidalia icon ကို Applications folder မှ ရွေးချယ်ခြင်းဖြင့် စတင်နိုင်ပါသည်။ အနီရောင် X ပုံစံပြနေသော မှိန်နေသည့် ကြက်သွန်ပုံစံသည် လက်ရှိတွင် Tor အလုပ်လုပ်မနေကြောင်း ပြသပါသည်။ screen ၏အပေါ်ဘက်တွင် ရှိသော "Tor" menu မှ Start ကို ရွေးချယ်ခြင်းဖြင့် Tor ကို စတင်နိုင်ပါသည်။
Tor အလုပ်လုပ်ဆောင်နေချိန်တွင် Vidalia ၏ အိုင်ကွန်သည် အောက်ဖော်ပြပါအတိုင်း ရှိနေပါမည်။

Polipo သည် Tor အစုအဝေး၏ ထည့်သွင်းမှုတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းပေးပါသည်။ ၎င်းကို ထည့်သွင်းပြီးသည့်အခါ ကွန်ပျူတာ ပြန်လည်စတင်သည်နှင့် အလိုအလျောက် စတင်ပါလိမ့်မည်။ Polipo ကို Tor &mdash အသုံးပြုရန်အတွက် ပြင်ဆင်သတ်မှတ်ရန် မလိုအပ်ပါ။ Tor အတွက် ပြင်ဆင်သတ်မှတ်ခြင်းများကို ထည့်သွင်းမှု အစုအဝေးတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းပြီးသား ဖြစ်သောကြောင့် ဖြစ်ပါသည်။
အဆင့် နှစ် : သင့်အသုံးချ ဆော့ဝဲများကို Tor အသုံးပြုရန် ပြင်ဆင်ပါ
Tor နှင့် Polipo တို့ကို ထည့်သွင်းပြီးပါက သင့်အသုံးချဆော့ဝဲများကို အသုံးပြုနိုင်ရန် ပြင်ဆင်ရပါမည်။ ပထမအဆင့်မှာ Web ကြည့်ရှုခြင်းအတွက် ပြင်ဆင်ခြင်း ဖြစ်ပါသည်။
သင့်အတွက် အကောင်းဆုံး လုံခြုံမှုရနိုင်ရန် Tor ပါဝင်သော Firefox နှင့် Torbutton တို့ကို အသုံးပြုသင့်ပါသည်။ Torbutton မှာ ထည့်သွင်းပြီး ဖြစ်ပါသည်။ အနီရောင် "Tor Disabled" ပြောင်းလဲမှု ခလုပ်ကို နှိပ်၍ Tor ကို ဖွင့်ပါ။ ပြီးလျှင် အောက်ပါတို့ကို သတ်မှတ်ပါ :

အခြား ကွန်ပျူတာတွင် Firefox ကို အသုံးပြုမည်ဟု အစီအစဉ်ရှိပါက မတူညီသော ကွန်ပျူတာတွင် Tor လုပ်ဆောင်ခြင်းအတွက် မေးလေ့ရှိသော မေးခွန်းများ ကို ကြည့်ရှုပါ။
HTTP proxies ကို ထောက်ပံ့သော အခြား အသုံးချဆော့ဝဲများကို Tor လုပ်ဆောင်နိုင်ရန် Polipo ကိုသာ ညွှန်ပြပေးပါ(၎င်းမှာ localhost port 8118 ဖြစ်ပါသည်။) SOCKS ကို တိုက်ရိုက် အသုံးပြုရန်(သတင်းချက်ချင်းပို့ခြင်းများ၊ Jabber, IRC စသည်ဖြင့်) Tor(localhost port 9050) သို့ တိုက်ရိုက်ညွှန်ပြနိုင်ပါသည်။ သို့သော် ဤ မေးလေ့ရှိသော မေးခွန်းများ ကို ဘာကြောင့် အန္တရာယ်ရှိနိုင်ကြောင်း သိရှိနိုင်ရန် ကြည့်ရှုပါ။ SOCKS နှင့် HTTP ပါ ထောက်ပံ့မှုမရှိသော အသုံးချဆော့ဝဲများအတွက် connect သို့မဟုတ် socatတွင် ကြည့်ပါ။
အခြားအသုံးချဆော့ဝဲများကို Tor လုပ်ဆောင်နိုင်ရန် မည်သို့လုပ်ဆောင်ရမည်ကို မည်သို့ Tor လုပ်ဆောင်နိုင်စေမည်လဲ တွင်ကြည့်ရှုပါ။
အဆင့် သုံး : အလုပ်လုပ်ကြောင်း သေချာပါစေ။
နောက်တစ်ဆင့်တွင် သင့် browser တွင် Tor နှင့် သုံးစွဲကြည့်ရှု၍ သင့် IP လိပ်စာသည် အမည်ဝှက်မှု လုပ်ဆောင်ထားကြောင်း သေချာပါစေ။ Tor စစ်ဆေးကြည့်ရှုသူ ကို ကလစ်နှိပ်၍ သင် Tor အသုံးပြုနေခြင်း ဟုတ် မဟုတ် စစ်ဆေးပါ။ (ဤ site အလုပ်မလုပ်ပါက၊ ဤ မေးလေ့ရှိသော မေးခွန်းများ တွင် သင့် Tor ကို မည်သို့စမ်းသပ်ရမည်ဆိုသည့် အကြံပြုချက်များကို ကြည့်ရှုပါ။)
သင့်တွင် သင့်ကွန်ပျူတာကို ကိုယ်တိုင်ဆက်သွယ်ရန် ကန့်သတ်ထားသော တစ်ကိုယ်ရေသုံး Firewall ရှိပါက သင့် စက်တွင်းမှ အသုံးချဆော့ဝဲများကို စက်တွင်းမှ port 8118 နှင့် port 9050 တို့သို့ ဆက်သွယ်နိုင်ကြောင်း သေချာပါစေ။ သင့် Firewall မှ အပြင်သို့ ဆက်သွယ်မှုများကို ပိတ်ဆို့ထားပါက အပေါက်တစ်ခုပြုလုပ်၍ TCP ports များဖြစ်သော 80 နှင့် 443 တို့ကို ဆက်သွယ်နိုင်စေရန် ပြုလုပ်ပါ။ ပြီးလျှင် ဤ မေးလေ့ရှိသော မေးခွန်းများ ကို ကြည့်ရှုပါ။
ဤသည်တို့နှင့် အလုပ်မလုပ်သေးလျှင် ဤ မေးလေ့ရှိသော မေးခွန်းများ ကို အရိပ်အမြွက်သိရှိနိုင်ရန် ကြည့်ရှုပါ။
အလုပ်လုပ်သည်နှင့် Tor မှ မည်သည်တို့ကို လုပ်ဆောင်နိုင်၍ မည်သည်တို့ကို မလုပ်ဆောင်နိုင်ပါ တို့ကို ဆက်လက် လေ့လာပါ။
အဆင့် လေး : ထပ်ဆင့်လွှင့်သူအဖြစ် ပြင်ဆင်သတ်မှတ်ပါ။
Tor ကွန်ယက်သည် စေတနာ့ဝန်ထမ်းများ၏ လိုင်းအကျယ်လှူဒါန်းမှုကို မှီခိုရပါသည်။ ထပ်ဆင့်လွှင့်သူ ပိုမိုများပြားလေ Tor ကွန်ယက်ပိုမိုမြန်ဆန်လေ ဖြစ်ပါသည်။ သင့်တွင် လမ်းတိုင်းအတွက် အနည်းဆုံး 20 kilobytes/s ရှိလျှင် သင့် Tor ကို ထပ်ဆင့်လွှင့်သူအဖြစ် ပြင်ဆင်သတ်မှတ်၍ ကူညီပေးပါ။ ကျွန်ုပ်တို့တွင် Tor ထပ်ဆင့်လွှင့်သူများကို လွယ်ကူစေရန်နှင့် သက်သာအဆင်ပြေစေရန် လိုင်းအကျယ်နှုန်းကန့်သတ်ခြင်း၊ အလွဲသုံးမှု စောဒကများမှ လွတ်ကင်းရန် အထွက်မူဝါဒများ၊ ပြောင်းလဲနေသော IP လိပ်စာများစသည်ဖြင့် စီစဉ်ထားရှိပါသည်။
အင်တာနက်ပေါ်တွင် ထပ်ဆင့်လွှင့်သူများ နေရာအနှံ့ထားရှိခြင်းသည် Tor အသုံးပြုသူများကို ပိုမိုလုံခြုံစေပါသည်။ အဝေးရှိ site များမှ သင့်ကွန်ပျူတာမှ ဆက်သွယ်မှု စတင်သည် သို့မဟုတ် အခြားသူတို့မှ ထပ်ဆင့်လွှင့်သည်တို့ကို မသိရှိနိုင်သဖြင့် သင်ကိုယ်တိုင် ပိုမိုကောင်းမွန်သော အမည်ဝှက်မှုကို ရရှိနိုင်ပါသည်။
ထပ်ဆင့်လွှင့်သူအဖြစ် ပြင်ဆင်သတ်မှတ်ခြင်း လမ်းညွှန်တွင် ပိုမို ဖတ်ရှုပါ။
How To Uninstall Tor and Polipo
ဆော့ဝဲ အစုအဝေး သင့်ကွန်ပျူတာမှ ဖယ်ရှားရန် နည်းလမ်းနှစ်ခု ရှိပါသည်။ Finder ကို အသုံးပြု၍ သို့မဟုတ် command သို့မဟုတ် Terminal-based ဖယ်ရှားမှုကို အသုံးပြု၍ ဖယ်ရှားနိုင်ပါသည်။ OSX မှ Tor ကို ဖယ်ရှားလိုလျှင် အောက်ပါအတိုင်း ပြုလုပ်ပါ :
သင့် အသုံးချ ဆော့ဝဲ၏ ပရော့စီ သတ်မှတ်ချက်များကို မူလ တန်ဖိုးများသို့ ပြောင်းလဲပါ။ Tor ကို အသုံးပြုခြင်းမှ ရပ်တန့်လိုခြင်းသာ ဖြစ်လျှင် ဤနေရာတွင် ရပ်တန့်နိုင်ပါပြီ။
Tor ကို လုံးဝအပြည့်အစုံ ဖယ်ရှားလိုပြီး သင့်တွင် ထိန်းချုပ်သူအဆင့် account ရှိလျှင် အောက်ပါအတိုင်း ဆောင်ရွက်ပါ :
- Finder ကို ဖွင့်၍ Applications ကို ကလစ်နှိပ်ပါ။
- /Applications/Vidalia ကို Trash သို့ ဆွဲထည့်လိုက်ပါ။
- /Library/Torbutton ကို သင့်စနစ်မှ ဖယ်ရှားပါ။
- သင့် home directory တွင် Library သို့သွား၍ Vidalia directory ကို ဖယ်ရှားပါ။
Tor, Vidalia နှင့် Polipo တို့ သင့်စနစ်မှ လုံးဝဖယ်ရှားပြီး ဖြစ်ပါသည်။
command line သို့မဟုတ် Terminal နှင့် သင် အကျွမ်းတဝင်ရှိပါက အောက်ပါအတိုင်း ကိုယ်တိုင် ဖယ်ရှားနိုင်ပါသည်။
- /Applications/Vidalia.app/
- /Library/Torbutton/
- ~/Library/Vidalia
- ~/.tor
သင့်တွင် ဤစာရွက်စာတမ်း ပိုမိုကောင်းမွန်စေနိုင်သော အကြုံပြုချက်များ ရှိပါက ကျွန်ုပ်တို့ကို ပေးပို့ပါ။ ကျေးဇူးတင်ပါသည် !
